The Art Of Crypto [Day 1]

encryption_security_lock-100052900-medium
မင်္ဂလာပါ။ ကျနော်လေ့လာမိသလောက်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ကျနော်ဟိုဖတ်ဒီဖတ်
လုပ်ပြီးရေးသားထားခြင်းဖြစ်တဲ့အတွက် ကျနော့်သူငယ်ချင်းတွေအနေနဲ့ကျနော်မှားနေတယ်ထင်ရင်
ထောက်ပြပေးလို့ရပါတယ်။ ဒါ့အပြင် အကျိုးတစ်စုံတစ်ရာရှိခဲ့ပါက ကျနော်ပိုမိုပြီးရေးချင်လာအောင်
Feedback လေးတွေပြန်ပေးစေချင်ပါတယ်။

ကျနော်နဲ့ သူငယ်ချင်း၅ယောက် အင်ဒို Cyber Seagame သွားပြိုင်တုန်းက Crypto မရရင်လည်း
သွားမပြိုင်သင့်တာကို တွေ့ခဲ့ရပါတယ်။ Crypto ကလည်း Cyber Security မှာအရေးပါတဲ့ အခန်းကနေ
ပါဝင်နေတာဖြစ်လို့ပါပဲ။

Start !

Cryptography ဆိုတာ တကယ်တော့ ရေးသားခြင်းအနုပညာတစ်ခုပါပဲ ။ လူတွေဟာခေတ်မီလာတာနဲ့အမျှ
အသင်းအဖွဲ့တွေ နိုင်ငံတွေ စသဖြင့် ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်ပေါ်လာတဲ့ အတွက် အသင်းအဖွဲ့တစ်ခုနဲ့ တစ်ခုရဲ့
ကြားမှာ တခြားအသင်းဖွဲ့သားတွေ နားမလည်နိုင်မယ့် လျှို့ဝှက်စာ Cipher တွေကိုစတင်သုံးလာကြပါတယ်။
Cryptography ဆိုတဲ့ စကားလုံးမှာ Greek စာလုံး၂လုံး အဓိပါယ်ရှိတယ်လို့ဆိုပါတယ်။
Cryptography = Krypto + Graphene
Krypto ဆိုတာကတော့ Hidden လို့ အဓိပါယ်ရပြီးတော့ Graphene ကတော့ Writing လို့အဓိပါယ်ရပါတယ်။

Cryptography ကို Roma နဲ့ Egypt တွေဆီကပဲစတင်ခဲ့တယ်လို့သိရပါတယ်။

ရှေးအကျဆုံး Crypto နည်းလမ်း

လွန်ခဲ့တဲ့ နှစ်လေးထောင်ကျော်လောက်က အီဂျစ်တွေအသုံးပြုခဲ့တဲ့ ‘Hieroglyph’ ကရှေးအကျဆုံးလို့ဆိုပါတယ်။
ဘုရင်တွေ ကြားမှာအသုံးပြုခဲ့တဲ့ လျှို့ဝှက်စာတစ်ခုဖြစ်ပါတယ်။

Hieroglyph

နောက်ပိုင်း 500 – 600 BC အတွင်းမှာတော့ mono-alphabetic substitution ciphers လို့ခေါ်တဲ့ Crypto ကို
အသုံးပြုလာကြပါတယ်။ ဒီ Cipher မှာ Key ရှိပါတယ်။ Key ကိုသိမှာသာ လျှို့ဝှက်ထားတဲ့စာကိုပြန်ဖော်နိုင်မှာဖြစ်ပါတယ်။
အစောဆုံး ရောမတွေအသုံးပြုခဲ့တဲ့ Crypto နည်းလမ်းတွေထဲမှာတော့ Caesar Shift Cipher ကတော့လူသုံးများခဲ့တယ်လို့ဆိုပါတယ်။
စာလုံးတွေကို shift လုပ်ပြီး ရေးထားတဲ့ စာမျိုးပါ။ ဒီတော့ ဘယ်လောက် shift လုပ်ထားလဲဆိုတဲ့ Key သိမှာသာ ဖြည်လို့ရမယ်ဆိုတဲ့ သဘောမျိုးဆောင်ပါတယ်။

ဥပမာအနေနဲ့ အောက်မှာပြထားတဲ့ပုံကိုကြည့်နိုင်ပါတယ်။ ဒီပုံမှာတော့ 3 shifts ကိုအသုံးပြုထားပါတယ်။
Caesar_cipher_Encode_and_Decode

Types of Cryptology

Cryptography ကို ၂ မျိုးပြန်ပြီးတော့ခွဲခြားထားပါတယ် ။
Cryptography
Cryptoanalysis တို့ပဲဖြစ်ပါတယ် ။

Cryptography ဆိုတာကတော့ အလွယ်ပြောရရင် Crypto System ကိုဖန်တီးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
မိမိပို့ချင်တဲ့ Data , Information ကို ကြားလူမသိနိုင်အောင် စီမံတဲ့ ပုံစံဟာ Crypto System ပါပဲ ။

Cryptoanalysis ဆိုတာကတော့ Cryptography ရဲ့ပြောင်းပြန် Crypto System ကို Break လုပ်တဲ့နည်းပညာပဲဖြစ်ပါတယ်
တချို့အခေါ်တော့ Password Cracking ပေါ့။

Thanks for the Reading. To be continue……

Refrence : Google , LearnCryptography , Tutorialpoints , Wikipedia ….