The Art Of Crypto [Day 2]

ဒုတိယနေ့အနေနဲ့ Cryptosystems ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ အောက်ကပုံလေးကိုကြည့်လိုက်ရင် အဆင်ပြေမှာပါ။

cip
ပုံကိုကြည့်မယ်ဆိုရင် အတော်လေးနားလည်မယ့်လို့ထင်ပါတယ်။ ဒီပုံအရဆိုရင် Encrypt လုပ်ထားတဲ့ Cipher Text ကိုရတဲ့ Intruder
ဟာ Plain Text မဟုတ်တဲ့အတွက် Decryption Key ကိုမသိဘူးဆိုရင် လိုချင်တဲ့ Information ကိုရသွားမှာမဟုတ်ပါဘူး။

Types of Cryptosystems

Cryptosystems မှာ ယေဘူယျအားဖြင့် ၂ မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ Symmetric Key Encryption ဖြစ်ပြီးတော့
ဒုတိယတစ်ခုကတော့ Asymmetric ဖြစ်ပါတယ်။
Symmetric Key ကတော့ Encryption Key ရော Decryption Key ရော တူညီတဲ့ Key တစ်ခုတည်းကိုသာအသုံးပြုနိုင်တာကိုဆိုလိုတာပါ။
Asymmetric Key ကတော့ ပြောင်းပြန် Encryption Key က တစ်ခု Decryption Key က သက်သက်တစ်ခု ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်။

ဒီလောက်ဆို အခြေခံသဘောတရားလေးတွေ သိထားပြီမို့ အရင်ဆုံးလွယ်တဲ့ နည်းလမ်းလေးတွေကနေပဲစပြီးလေ့လာကြတာပေါ့။

ကျနော်ကတော့ ပထမဆုံးစလေ့လာဖို့အတွက် Playfair Cipher ကိုရွေးချယ်ထားပါတယ်။

Playfair Cipher
Playfair Cipher အတွက်ကျနော်စမ်းကြည့်တာတော့အဆင်ပြေပါတယ်။ ခက်တာက ကျနော်ထင်တယ် ကျနော်ပြထားတဲ့ပုံကိုသိပ်နားလည်မယ်မထင်ဘူး။
Day 2 အတွက် Video Tutorial လုပ်ပြဖို့လည်းအဆင်မပြေလောက်တော့ဘူး ။ ဒါကြောင့် ကျနော် Google ကနေ ပုံအချို့ရှာထားပေးမယ်။ ကျနော် စမ်းထားတဲ့ ပုံလေးလည်းတင်ပေးထားပါမယ်။
Day 3 ကျရင် ရှင်းပြထားတဲ့ Video လေးတင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ တင်ဖို့လိုမလိုကိုတော့ Comment တစ်ချက်လောက်ပေးစေချင်ပါတယ်။

တတ်နိုင်သလောက်တော့ရှင်းပြပေးခဲ့ပါမယ်။ Encrypt ဘယ်လိုလုပ်တယ်ဆိုတာဖို့ အရင်ဆုံးလိုပါတယ်။ ဒါမှသာကျနော်တို့ဘယ်လို
Decrypt လုပ်လည်းဆိုတာသိနိုင်မှာပေါ့။

Playfair မှာ 5*5 Grid ပုံစံနဲ့ Alphabets တွေကိုစီပါတယ်။ စီချင်တိုင်းစီတာတော့မဟုတ်ပါဘူး။
ဒီနည်းလမ်းမှာ Key ရှိပါတယ်။ ဟုတ်ပြီ ဘယ်လိုအသုံးပြုရလဲဆိုတော့ ကျနော်တို့ Key က “playfairexample” ဆိုပါစို့

5174546_orig

ဒီလိုပုံစံမျိုးရပါတယ်။ Character 26 လုံးရှိပါတယ်။ ဒါပေမယ့် Grid က 5*5 ဆိုတော့ 25 လုံးသာထည့်လို့ရပါတယ်။
ဒီတော့ ဒီ play fair မှာ I = J လို့သတ်မှတ်လိုက်ပါတယ်။
ကိုယ်သုံးမယ့် Key ကိုအရင်ဆုံးချရေးရပါတယ်။ PLAYF ပြီးတော့ ပုံမှန်အတိုင်းဆို A ပြန်လာရမယ်မလား။ A ကပါပြီးသားမို့လို့
ကျော်လိုက်မယ် IREX ဟုတ်ပြီ A ကပါပြီးသားမို့ထပ်ကျော်မယ် PLE ကျတော့လည်း အကုန်ပါပြီးသွားပြီဆိုတော့ ကျော်လိုက်မယ်။
ဒါဆို KEY ကပြီးသွားပြီ။ Character တွေကိုအစဉ်လိုက်တိုင်း စီမယ်။ A ကပါပြီးသားဆိုတော့ BCD , F က ပါပြီးပြီ GH
ဒီလိုမျိုးပါ။ နားလည်မယ်လို့ထင်ပါတယ်။
ဒါကတော့ ပထမဆုံးစီနည်းပါ သိထားရပါမယ်။ Day 3 မှာ Encryption and Decryption ကို Video ပဲဖြစ်ဖြစ် ဒီတိုင်းရေးလို့အဆင်ပြေရင်လည်းဒီတိုင်းဖြစ်ဖြစ်
ရေးပေးပါမယ်။ အခုတော့ ကျနော်စမ်းထားတဲ့ပုံလေးကိုကြည့်ကြည့်ပေါ့ အဆင်ပြေလိုပြေငြား ။ ကျနော့်အထင်တော့ရှုပ်နေမယ်ထင်ပါတယ်။

IMG_20151117_233644

ဖုန်းနဲ့ရိုက်ထားတာမို့သိပ်တော့မကြည်ဘူး ဟိဟိ ။ Day 3 ကျသေချာရှင်းပြနိုင်မယ်လို့ ထင်ပါတယ်။ စာမသင်ဘူးတော့ ဘယ်ကဘယ်လိုရှင်းပြရမလဲမသိသေးလို့ စဉ်းစားလိုက်ဦးမယ်။ အပေါ်က ကျနော်စမ်းထားတဲ့ပုံမှာ Key က “Keyword” ပါ။ ပုံရဲ့ အပေါ်ပိုင်းက Encryption ပါ။ Secret Message ဆိုတဲ့စာလုံးကို Encrypt လုပ်တာပါ။ ပုံရဲ့အောက်ပိုင်းကတော့ ပြန်ပြီး Decryption လုပ်ထားကြည့်တာပါ။

Thanks for the reading .

Advertisements

3 thoughts on “The Art Of Crypto [Day 2]

  1. အစပိုင်းတုန်းကတော့ နည်းနည်း နားလည်သလိုလိုပဲ ပုံနဲ့ရှင်းပြလိုက်တော့ မနည်းကြည့်ယူရတယ် 😛

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s