The Art Of Crypto [Day 4]

Day 3 တုန်းကပြောထားတဲ့အတိုင်း ဒီနေ့တော့ကျနော် Affine Cipher အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်။
Affine Cipher ဟာ Caesar Cipher တို့လိုပဲ Monoalphabetic Substitution Cipher အမျိုးစားထဲကပဲဖြစ်ပါတယ်။
ကျနော်ပြောခဲ့သလိုပဲ ဒီ Cipher ဟာ အင်ဒို Cyber Seagame တုန်းကမေးခဲ့ပါတယ်။ Tools တွေတော်တော်များများတော့ရှိပါတယ်
တော်တော်များများ Encryption တွေအတွက် Automated Tools တွေလည်းထွက်ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ကျနော်ကတော့
ကျနော်ကိုယ်တိုင်နားလည်ချင်တာရယ် ကျနော့်ရဲ့ သူငယ်ချင်းတွေထဲမှာလည်းနားလည်ချင်တဲ့သူရှိရင် အဆင်ပြေအောင် တတ်နိုင်သလောက်ပြန်ရှင်းပြထားတာပါ။

Affine Cipher ဟာ အရင်ကျနော်ပြောခဲ့တဲ့ Cipher တွေထပ်တော့ပိုပြီး သင်္ချာသဘောတရားဆန်ပါတယ်။
စပြီးလေ့လာလိုက်ရအောင်

Encyption

Encryption လုပ်တော့မယ်ဆိုကျနော်တို့ ပထမဆုံး alphabets တွေကို 0 to m-1 ပုံစံမျိုးပြောင်းပေးရပါမယ်။
ပြောလိုက်မှရှုပ်သွားလားမသိဘူး။ မရှုပ်ပါနဲ့ m ဆိုတာက Character 26 လုံးကိုရည်ညွှန်းပါတယ်။ m-1 ဆိုတာကတော့
25 ကိုပြောချင်တာပါ။ ဒီတော့ a က 0 ဆိုရင် z က 25 ပေါ့။ အောက်ကဇယားလေးကိုကြည့်ရင်ပိုပြီးရှင်းပါလိမ့်မယ်။

9236609_orig.jpg
Formula for Encryption

E(x) = (ax+b) mod m

ဒီ Formula အရ ကျနော်တို့ ကိန်းသေ a နဲ့ b ကို တွေ့ပါတယ်။ ဒီ a နဲ့ b ဟာ Affine Cipher အတွက်တော့ key တွေပဲဖြစ်ပါတယ်။
key ၂ ခုလိုပါလိ့မ်မယ်။

affine cipher ဆိုတဲ့စာလေးကို ကျနော်တို့ Encrypt လုပ်ကြည့်မယ်။ အောက်ကပုံလေးကိုကြည့်ပါ။ a = 5 , b=8 ဆိုပြီး key တွေရှိမယ်။
9204085.jpg
ပုံအရ ကျနော်တို့ ပထမဆုံး affine cipher ဆိုတဲ့ plain text လေးကို affine ရဲ့ပုံစံအတိုင်း 0 to m-1 ကိုပြောင်းပေးလိုက်တာပါ။
ဒါကို x တန်ဖိုးလို့သတ်မှတ်လိုက်တယ်။ 0  5 5 8 13 4  2 8 15 7 4 17 ဆိုပြီးဖြစ်သွားတယ်။
ဟုတ်ပြီ။ Formula အရ ax+b ကိုအရင်ရှင်းမယ်။ a တန်ဖိုးက 5 b တန်ဖိုးက 8 ဆိုတော့ ပထမဆုံးစာလုံး 0 အတွက် 5*0+8 ဆိုတော့ တန်ဖိုးက 8 ဖြစ်သွားမယ်။
နောက်တစ်လုံးအတွက် 5*5+8 ဆိုတော့ 33 ။ ဒါဆိုကျန်တဲ့စာလုံးတွေလည်းနားလည်ပြီထင်ပါတယ်။
နောက်တစ်ဆင့်မှာတော့ (ax+b) mod m ဆိုတော့ (ax+b) mod 26 ပေါ့။ ခုနကျနော်တို့ရထားတဲ့ ဂဏန်းတွေကို mod 26 လုပ်ပေးရမှာဖြစ်ပါတယ်။
ဒီတော့ 26 နဲ့စားပြီးကျန်တဲ့အကြွင်းကိုယူရမှာဖြစ်ပါတယ်။ 8 ကို 26 နဲ့စားတော့ 0 လီ ၀င်တော့ အကြွင်းက 8 ပဲ။ 33 ကျတော့ 7 ကြွင်းမယ် ။ ကျန်တဲ့စာလုံးတွေလည်းဒီတိုင်းပဲ။
အခုရလာတဲ့ ဂဏန်းတွေကိုကျနော်တို့ 0 to m-1 နေရာမှာပြန်အစားသွင်းမယ်ဆို IHHWVC SWFRCP ဆိုပြီးရပါတယ်။
ဒါကတော့ Affine Cipher Text တစ်ခုဖြစ်သွားပါပြီ။

Decryption

D(x) = c(x – b) mod m

Decryption ကတော့ အမြဲတမ်း Encryption ရဲ့ဆန့်ကျင်ဘက်ပါပဲ။ အောက်ကပုံလေးကိုကြည့်ပြီးဖြည်ကြည့်လိုက်ပါ။
အပေါ်မှာရှင်းပြပြီးဖြစ်လို့ Decryption ကိုတော့ သေချာမရှင်းပြတော့ပါဘူး။

7900302

နောက်နေ့ကျ နောက်တစ်ခုဆက်ကြတာပေါ့။

Thanks for the reading.

Refrence : Wiki , Crypto Corner

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s