The Art Of Crypto [Day 5]

ဒီနေ့တော့ pigpen cipher အကြောင်းလေးလေ့လာကြရအောင်။ pigpen လဲ monoalphabetic substitution cipher အမျိုးစားထဲကပဲဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ ဒီ monoalphabetic substitution အမျိုးစားတွေကိုပဲ တင်ပေးဖြစ်မှာပါ။ ဘာကြောင့်ဆို လွယ်တဲ့အပိုင်းလည်းဖြစ်တာရယ် တစ်ဆင့်ချင်း
သွားချင်တာရယ်ကြောင့်ပါ။ စပြီးလေ့လာလိုက်ရအောင်

Pigpen Cipher ကတော့ affine cipher လိုမျိုးမဟုတ်ဘူး သူက သင်္ကေတဆန်ပါတယ်။ ဒါပေမယ့် အတွက်ချက်မပါတဲ့အတွက် Affine Cipher နဲ့ယှဉ်ရင်
ပိုပြီးလွယ်ပါတယ်။ သင်္ကေတကိုမှတ်ထားယုံပါပဲ။ အရင်ဆုံး သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်။
pigpen ဘယ်ကစတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြတော့ပါဘူး။ ဒါပေမယ့်လို့ pigpen ကို ၁၈ ရာစုလောက်ကပေါ်ခဲ့တဲ့ Freemasons ဂိုဏ်း (ပသျှူးခေါင်းပြတ်) လို့ခေါ်မှာပေါ့
အဲ့ဂိုဏ်းက ဒီ Cipher ကိုသုံးဖို့ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။ သူငယ်ချင်းဟာ ဆရာမင်းသိင်္ခ ရဲ့ စာအုပ်အချို့ကိုဖတ်ဖူးတယ်ဆိုရင် ဒီ Cipher ကိုသိတောင်သိနေမလားပဲ။
ကျနော်လည်း ငယ်ငယ်က ဖတ်ဖူးသယောင်ယောင်ရှိနေလို့ပါ။ ဆားပုလင်းနှင်းမောင်လေ ။ Freemasons က အရမ်းသုံးခဲ့ကြတဲ့အတွက် pigpen ကို Freemasons Cipher လို့တောင်ခေါ်ဝေါ်ခဲ့ကြပါတယ်တဲ့။
American ပြည်တွင်းစစ်မှာလည်း အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။

Encryption

အောက်မှာပြထားတဲ့ပုံလေးကိုကြည့်ပြီး သင် Encrypt လုပ်နိုင်ပါတယ်။
p1
A ကို  s1 အဖြစ်သုံးပါတယ်
M ကိုကျတော့ s2 လိုမျိုးသုံးပါတယ်။
T ကိုကျပြန်တော့ s3  လိုသုံးပါတယ်။
W ကိုတော့ s4 လိုသုံးပါတယ်။

Example :

320px-A-pigpen-message
ဒါဆိုရင် နားလည်ပြီလို့ထင်ပါတယ်။ အရမ်းလည်းလွယ်ပါတယ်။ အဓိကကတော့ ဒီ Refrence လေးရှိဖို့ပါပဲ။

Decryption

Decryption လုပ်ဖို့ကလည်းအရမ်းမခက်ပါဘူး။ အပေါ်ကပုံလေးရှိရင်အဆင်ပြေတာပဲလေ။

Discussion

Discussion လုပ်ရတဲ့အကြောင်းကတော့ တခြား cipher တွေထပ်နည်းလမ်းလေးတွေနည်းနည်းများလို့ပါပဲ။
Freemasons က ဒီ Cipher ကို အုတ်ဂူ တွေမှာတောင်သုံးခဲ့ကြတယ်ဆိုပါတယ်။ အောက်ကပုံမှာကြည့်နိုင်ပါတယ်။

p2.gif

p3

အပေါ်မှာကျနော်ပြထားတဲ့ Standard Grid မဟုတ်ပဲ တခြား encrypt လုပ်တဲ့ ပုံစံတွေလည်းရှိပါသေးတယ်။ Game တစ်ခုဖြစ်တဲ့ Assasin’s Creed 2 ထဲမှာ တော့ အောက်မှာပြထားတဲ့  form တွေကိုသုံးထားပါတယ်။
p4

p5
နောက်ထပ်ပုံစံတစ်ခုလည်းရှိပါသေးတယ်။ အောက်ကပုံအတိုင်းဖြစ်ပါတယ်။

p6

Thanks for the reading.

Reference : Wiki , Crypto Corner , Google

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s