The Art Of Crypto [Day 8]

ဒီနေ့တော့ Rail Fence Cipher အကြောင်းကိုလေ့လာပါမယ်။ မလေ့လာခင် Rail Fence ကို Challenge တစ်ခုမှာ
မေးခဲ့တာတွေ့ဖူးပါတယ်။ သူ့ချည်းပဲတော့မဟုတ်ပါဘူး။ Ceaser Polybius square ကိုလည်းအသုံးပြုရပါသေးတယ်။
Rail Fence ဟာလည်း Simple Transpostion Cipher အမျိုးစားထဲကပဲဖြစ်ပါတယ်။

Encryption လုပ်မယ်ဆိုရင်တော့ အဓိကသိရမှာကတော့ တခြား Cipher တွေလိုပဲ key သိဖို့လိုပါတယ်။ key ဆိုတာကတကယ်တော့
number of rows နဲ့ညီမျှပါတယ်။ ကျနော်ရှင်းပြတာထက်အောက်ကပုံလေးကို ကြည့်ရင်သိနိုင်ပါတယ်။
ပုံမှာ encryption လုပ်မယ့်စာကတော့ “defend the east wall” ဆိုတဲ့စာပါပဲ။

ra1
Decryption လုပ်တဲ့အပိုင်းကတော့ Encryption နဲ့ယှဉ်ရင် ခက်တယ်လို့ဆိုရမှာပါ။ ဒါပေမယ့်လို့ rail fence ကသိပ်ပြီး secure ဖြစ်တဲ့ Encryption
တစ်ခုတော့မဟုတ်ပါဘူး။ key သိရပါမယ်။ key မသိရင်တော့လည်းမှန်းဆရပါလိမ့်မယ်။ မဖြစ်မနေဆိုရင်တော့စမ်းကြည့်ရမှာပေါ့။ ပုံမှန်အားဖြင့်တော့
Key ကပေးပါတယ်။ ဟုတ်ပြီ။ အခုကျနော်တို့ “TEKOOHRACIRMNREATANFTETYTGHH” ဆိုတဲ့စာသားကို decrypt လုပ်ကြည့်ကြမယ်။
key ကတော့ 4 ဖြစ်ပါတယ်။ T ကို grid ရဲ့ အပေါ်ဆုံး line ပထမဆုံးအကွက်မှာထည့်မယ်။ နောက်ပြီးတော့ key က 4 ဖြစ်တဲ့အတွက် dash လေးတွေလေးခု
စောင်းပြီးအကွက်ထဲမှာထည့်သွားမယ်။ ပြီးရင်တော့ အပေါ်ဆုံးလိုင်းမှာ E ကိုပြန်ထည့်မယ်။ ဒီနည်းနဲ့ တစ်ကွက်ချင်းပြန်စမ်းရမှာဖြစ်ပါတယ်။ အောက်မှာပုံလေးတွေပြထားပါတယ်။

ra2

ra3

ra4

ra6
နောက်ပိုင်းမှာ ဒီထက်နည်းနည်း secure ဖြစ်အောင် sentence မှာပါတဲ့ space တွေကိုပါထည့်ပြီး encrypt လုပ်တယ်လို့ဆိုပါတယ်။
အောက်ကပုံလေးမှာကြည့်နိုင်ပါတယ်။
ra7

ဒီ Crypto တွေနဲ့ပတ်သတ်ပြီးနည်းနည်းပြောချင်တာလေးရှိပါတယ်။ ဒီ Crypto တွေဟာ တကယ်တော့ old school နိုင်ပါလိမ့်မယ်။
ပြီးတော့ ဒီ Cipher တွေနဲ့ပတ်သတ်ပြီးတော့လည်း decrypt လုပ်ဖို့ tools တွေအများကြီးလည်းရှိပြီးသားပါ။
နောက်ပြီး ဒါတွေထပ် အများကြီး စိတ်ချနေရတဲ့ Cipher တွေ Encryption Method တွေလည်းထွက်နေပါပြီ။
ဒါပေမယ့်လို့ ကျနော်ကအခု Tutorial ရေးနေတာမဟုတ်သလို ဘာရည်ရွယ်ချက်မှလဲ များများစားစားမပါလှဘူး။ ကျနော့်အဓိကကတော့
Cipher ကိုလေ့လာသွားမယ် ဒါပါပဲ။

Thanks for reading.

Refrence : Google , Crypto Cornor , wiki

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s