The Art Of Crypto [Day 9]

ဒီနေ့တော့ Columnar Transposition အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။ Coulmnar Transpositions ဆိုတာ
ဟာ Route Cipher တို့လိုပဲ Grid ထဲမှာ ထည့်ပြီး encrypt/decrypt လုပ်တဲ့ Cipher တစ်ခုပဲဖြစ်ပါတယ်။
ဒါပေမယ့် သူက Route Cipher နဲ့မတူတာကတော့ keyword ပါပဲ။ တိကျတဲ့ keyword တစ်ခုတော့ လိုပါတယ်။ ဒါမှသာ
encrypt/decrypt လုပ်နိုင်မှာဖြစ်ပါတယ်။

Encryption အကြောင်းစလေ့လာကြမယ်။
“The tomato is a plant in the nightshade family” ဆိုတဲ့ keyword ကို decrypt လုပ်ကြည့်မယ်။ keyword အနေနဲ့
tomato ပါ။
အောက်ကပုံကိုကြည့်ပြီး ကျနော်ရှင်းပြပေးပါမယ်။
co1
ပုံမှာ tomato ဆိုတဲ့ keyword အကြောင်းအရင်ဆုံးရှင်းပြချင်ပါတယ်။ tomato ဆိုတဲ့ word မှာ a ဟာ ပထမဆုံး alphabet တစ်ခုဖြစ်တာကြောင့်
a ကို 1 လို့သတ်မှတ်လိုက်တာပါ။ abcdefghijkl  ပြီးရင် m ဆိုတော့ m က 2 ဖြစ်သွားတာပါ။ ဟုတ်ပြီ။ mno ဆိုတော့ o က 3 အရင်တွေ့တဲ့ O က 3 နောက်မှ
တွေ့တဲ့ O က 4 ပြီးရင်တော့ T ပဲကျန်တာပေါ့။ T လည်းဒီတိုင်းပဲ ရှေ့ကအရင်တွေ့တဲ့ T က 5 ဖြစ်ပြီးတော့ နောက်မှတွေ့တဲ့ T ကတော့ 6 ဖြစ်သွားမယ်။
ဒါဆိုရင်ကျနော်တို့ keyword စီတာရပါပြီ။
ဒါဆိုဆက်လေ့လာမယ် ၊ tomato ဆိုတဲ့ keyword က ၆ လုံးရှိတာမို့ ကျနော်တို့ Grid မှာ Column က 6 ခုရှိမယ်။
grid ထဲမှာ The tomato is a plant in the nightshade family ဆိုတဲ့စာလုံးကို ပထမဆုံးအကွက်ကစပြီး တစ်လုံးချင်းထည့်သွားမယ်။ Grid ရဲ့ ပိုနေတဲ့ အကွက်တွေမှာ
X တွေကိုအစားသွင်းပြီးတော့ထည့်သွားမယ်။ ဒါဆိုရင်တော့ ကျနော်တို့ အပေါ်ပုံကဇယားကွက်လေးကိုနားလည်သွားပြီလို့ထင်ပါတယ်။
Encrypt လုပ်ထားတဲ့ cipher text တော့မရသေးဘူး။ မခက်ပါဘူး။ grid ထဲက 1 နေရမှာကျနေတဲ့ column ကနေစပြီး ရေးရမှာဖြစ်ပါတယ်။
1 အကွက်ထဲဝင်နေတာကိုရေးတော့ TINESAX ရပါတယ်။ နားလည်မယ်ထင်ပါတယ်။ 1 ပြီးရင်တော့ 2 ပေါ့ဗျာ။ TINESAX / EOAHTFX / HTLTHEY / MAIIAIX / TAPNGDL / OSTNHMX လို့
Cipher text တစ်ခုကိုရပါလိမ့်မယ်။

Decryption အပိုင်းလေးဆက်လေ့လာကြမယ်။
“ARESA SXOST HEYLO IIAIE XPENG DLLTA HTFAX TENHM WX” ဆိုတဲ့ cipher text လေးကို decrypt ပြုလုပ်ကြည့်မယ်။
keyword က တော့ potato ဆိုတာသိထားမှဖြည်လို့ရမှာပါ။ ciphet text ကိုရေတွက်ကြည့်တဲ့အခါမှာ 42 လုံးရှိတာသိရပါတယ်။
keyword potato က 6 လုံးရှိတာသိမှာပါ။
ပထမဆုံး grid ပုံစံအတွက်ကျနော်တို့ 42 ကို 6 နဲ့စားကြည့်တော့ 7 ရပါတယ်။
ဒါဆိုရင် Grid မှာ Rows က 7 ခုရှိတယ်ဆိုတဲ့သဘောပါ။ keyword အရေအတွက် 6 ကတော့ number of columns ဆိုတာအပေါ်မှာပြောပြီးပါပြီ။

အောက်ကပုံများအတိုင်း အဆင့်အဆင့် ဖြည့်သွားရင်ကျနော်တို့လိုချင်တဲ့ plain text ကိုရမှာဖြစ်ပါတယ်။
အသေးစိတ်မပြောတော့ဘူးဆိုတာကတော့ Crypto Corner မှာရှင်းပြထားတဲ့ ဒီပုံလေးတွေဟာ ကြည့်လိုက်ယုံနဲ့ကျနော်နားလည်ခဲ့တာကြောင့် သူငယ်ချင်းတွေလည်းနားလည်မယ်ထင်လို့ပါ။

co2

co3

co4

co5

co6
decrypt မှာနောက်ထပ်သိထားရမှာလေးတစ်ခုရှိပါသေးတယ်။
ARESA SOSTH EYLOI IAIEP ENGDL LTAHT FATEN HMW ဒီလို cipher text မျိုးကျတော့ စောစောက cipher text နဲ့မတူတော့ပါဘူး။
ဘာကွာသွားသလဲဆိုတော့ X တွေအစားမထိုးထားတာပါ။ ကျနော်ပြောခဲ့သလို လွတ်နေတဲ့ အကွက်တွေမှာ X တွေကိုအစားမထိုးထားတာပါ။
38 လုံးပဲရှိပါတယ်။ 38 ကို 6 နဲ့စားတော့ 6.3333 ရပါတယ်။ ဒီတော့ 6 ပြီးရင်နောက်လာမယ့် number က 7 ဖြစ်တာကြောင့် keyword တန်ဖိုး 6 နဲ့ ပြန်မြှောက်တော့ 42 ရပါတယ်။ ဆိုလိုတာကတော့ grid တစ်ခုမှာ
6.3333 ဆိုတဲ့ rows မရှိပါဘူး။ တိကျတဲ့ Rows ပဲရှိတာကြောင့် တိုးလိုက်ခြင်းဖြစ်ပါတယ်။ Column က 6 နဲ့ Rows က 7 ဆိုတော့ 42 ကွက်ဖြစ်သွားတာပါ။ 42 ကွက်ထဲကနေ 38 ကိုနှုတ်လိုက်တော့ 4 ရပါတယ်။
ဒီတော့ Grid ရဲ့ နောက်ဆုံးကွက်နေစပြီး ရှေ့ကို 4 ကွက် အလွတ်ထားရပါမယ်။ အဲ့နေရာတွေဟာ အပေါ်က decrypt လုပ်ခဲ့တဲ့ cipher text မှာ X တန်ဖိုးတွေပေါ့။
အောက်ကပုံလေးတွေကိုကြည့်ရင်ပိုရှင်းသွားပါလိမ့်မယ်။

co7

co8

နောက်တစ်ခုကတော့ 2 ကြိမ်ဆက် Encrypt လုပ်တာရှိပါသေးတယ်။ အောက်ကပုံလေးတွေမှာကြည့်လိုက်ပါ။ ပထမတစ်ပုံက အပေါ်မှာလုပ်ခဲ့တဲ့ အတိုင်းပါ။
ဒုတိယပုံကတော့ အဲဒီကနေထွက်လာတဲ့ cipher ကို နောက်တစ်ကြိမ် keyword tomato နဲ့ပဲ encrypt လုပ်တာပါ။
co9

co10

Thanks for reading.
Refrence : Wiki , Crypto Corner

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s