The Art Of Crypto [Day 10]

ဒီနေ့တော့ Crypto ရေးတာမှာ နည်းနည်းကြာနေပြီဖြစ်တာကြောင့် တစ်ခုချင်းစီသွားရာကနေ
၂ ခု ၃ ခုလောက်တစ်ခါတည်းရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အချိန်သိပ်မရှိတာရယ်  မအားတာရယ် Crypto အတော်အသင့်ရေးပြီးရင်တခြားအပိုင်းတွေလည်းဆက်သွားချင်သေးတာကြောင့်ြ့မန်မြန်လေး
အဆုံးသတ်ချင်တာကြောင့်ပါ။
ပထမဆုံးတစ်ခုအနေနဲ့ ကျနော် Myszkowski Transposotion Cipher အကြောင်းကို စပြီးလေ့လာပါမယ်။
ဒီနည်းလမ်းဟာ Columnar Transposition Cipher အမျိုးစားကနေခွဲထွက်တယ်လို့ဆိုနိုင်ပါတယ်။
1902 ခုနစ်မှာ Émile Victor Théodore Myszkowski က စတင်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်သူနာမည်ကိုအစွဲပြုပြီးတော့
Myszkowski လို့ပေးခဲ့တာဖြစ်ပါတယ်။
Methodology အားဖြင့်တော့ Columnar Transposition အတိုင်းပဲဖြစ်တာကြောင့် Grid System တွေဘာတွေ အထွေအထူးမရှင်းပြတော့ပါဘူး
ဒါကြောင့် Encryption method ကိုလေ့လာကြည့်ရအောင်
m1
ပုံပါအတိုင်းဆို Coulmnar Transposition Cipher လိုပဲ Keyword က TOMATO ပါ။

1 ရှိတဲ့ Column ကိုတော့အရင်တိုင်းပဲ ယူမယ် ။ ဒီတော့ TINESAX ပါ။ 2 ရှိတဲ့ Column ကိုလည်းထိုနည်းတူပဲ။
EOAXHTFX။ ဒီထိတော့ Columnar နဲ့တူတူပဲ။ ဒါပေမယ့် 3 ရှိတဲ့ နေရာကျတော့ နည်းနည်းကွဲသွားပါပြီ။ Columnar တုန်းကတော့ အရင်လာတဲ့ 3 ကိုအရင်ယူပါတယ်။
ဒီမှာကျတော့ အရင်လာတဲ့ 3 ကနေ ထိပ်ဆုံးအလုံး ပြီးရင် နောက်လာတဲ့ 3 ကနေ ထိပ်ဆုံးအလုံးယူပါတယ်။
ဒီတော့ 3 ဆိုတဲ့ Column အတွက်ဆိုရင် HMTALITIHAEIYX ဆိုပြီးယူပါတယ်။ ဒါလေးပဲကွဲပြားသွားတာကိုတွေ့ရပါလိ့မ်မယ်။
ဒီ Cipher တွေရဲ့သဘောတရားကိုက စာလုံးတွေကို ၅ လုံးတစ်တွဲတွဲတာဖြစ်တဲ့အတွက် TINES AXEOA HTFXH MTALI TIHAE IYXTO ASPTN NGHDM LX လို့နောက်ဆုံး encrypt လုပ်ပြီးသား
cipher text ကိုရရှိမှာဖြစ်ပါတယ်။

ဒါဆိုရင် Decryption အပိုင်းကိုဆက်လေ့လာပါမယ်။ Encryption ကိုနားလည်ပြီဆို ARESA SXOOS ITIHA EIYEL XPENG DLLTT AEHNT HFMAW XX ကို ဘယ်လို Decrypt လုပ်ရမယ်ဆိုတာ သိပ်ရှင်းပြစရာမလိုတော့ပါဘူး။
အောက်မှာပုံလေးတွေပြထားပါတယ်။

m2m3m4m6

m5.jpg

ပုံမှာပြထားတာကတော့ keyword ကို POTATO အနေနဲ့ပြထားတာပါ။
နောက်တစ်ခုပြောချင်တာက ဒီ Cipher ကိုလေ့လာဖို့အတွက်ဆိုရင် ကျနော်တို့က Columnar အကြောင်းကိုသိထားမှဖြစ်မယ်လေ။
ဒါကြောင့် မသိသေးဘူးဆိုရင် ရှေ့အခန်းမှာပြန်ဖတ်စေချင်ပါတယ်။ Grid ရဲ့ Row နဲ့ Column ကိုလည်းဘယ်လိုသိအောင်လုပ်ရမယ်။
ဒါမှာသာ ကျနော်တို့ POTATO ဆိုတဲ့ keyword ကို Grid ထဲမှာဘယ်လိုနေရာချရမယ်ဆိုတာကိုသိမှာဖြစ်ပါတယ်။
အောက်မှပြထားတဲ့ပုံတွေအတွက် အကျဉ်းချုပ်ရှင်းပြပေးပါမယ်။ ပထမဆုံးColumn မှာ number တွေမထပ်ဘူးဆိုရင် ကျနော်တို့အတွက် ခက်ခက်ခဲခဲစဉ်းစားနေဖို့မလိုပါဘူး။
ပုံမှန်အတိုင်းဖြည့်လိုက်ယုံပါပဲ။ ပုံအရ 1 ဆိုတဲ့ column ဟာမထပ်ဘူး ဒါကြောင့် ပုံမှန်အတိုင်းပဲဖြည့်လိုက်တယ်။
2 ဆိုတဲ့ Column အတွက်ကျတော့ ၂ ခုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်  O တစ်လုံးကို အရင်လာတဲ့ 2 ဆိုတဲ့ Column မှာဖြည့်မယ်။
နောက်တစ်လုံးကိုတော့ နောက်မှလာတဲ့ 2 ဆိုတဲ့ Coulmn ကွက်ထဲမှာဖြည့်ရပါမယ်။ ဒါဆို Decrypt လုပ်နည်းသိပြီလို့ထင်ပါတယ်။

ဒါဆိုရင် နောက်ထပ် Cipher တစ်ခုကိုထပ်လေ့လာလိုက်ရအောင် ။ နောက်တစ်ခုအနေနဲ့ကျနော်ကတော့ Book Cipher ကိုရွေးထားပါတယ်။
ဒီ Cipher ဟာ The Immitation Game ဆိုတဲ့ ရုပ်ရှင်ကားထဲက ရုရှားတွေသုံးခဲ့တဲ့ billi cipher ဆိုတာနဲ့ တူမယ်လို့ကျနော်ကတော့ထင်ပါတယ်။
ဒါပေမယ့်လို့ refrence တစ်ခုခုမရှာကြည့်ရသေးတော့ အတိကျတော့မပြောတတ်သေးပါဘူး။
book cipher ဟာ အများအားဖြင့် ကဗျာတွေ သီချင်းတွေ စာပေတွေမှာထည့် ပြီးမြှုပ်ထားခြင်းပဲဖြစ်ပါတယ်။

အောက်မှာ Lady Gaga ရဲ့သီချင်းတစ်ပုဒ်နဲ့ ဥပမာပြထားပေးပါတယ်။

Whenever I dress cool,
My parents put up a fight
And if I’m a hotshot,
Mom will cut hair at night
In the morning I’m sure of my identity
I scream Mom and Dad
Why can’t I be who I wanna be?

I just wanna be myself,
And I want you to love me for who I am
I just wanna be myself,
And I want you to know, I am my Hair

I’ve had enough
This is my prayer
That I’ll die living just as free as my hair

(Lyrics: Lady Gaga, Hair)

ဒီသီချင်းစာသားတွေကို အသုံးပြုပြီးတော့ Encrypt လုပ်ရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ နည်းလမ်းလေးကတော့
line – word – letter ဆိုတဲ့ format ကိုအသုံးပြုပြီးတော့ encrypt လုပ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်နားလည်သွားအောင်]
I Like Cake ဆိုတဲ့စာသားလေးကို စမ်းပြီး encrypt လုပ်ကြည့်မယ်။
I ဆိုတဲ့ စာလုံးကိုယူဖို့အတွက် ပထမဆုံးလိုင်းက I ကိုယူပါမယ်။ ဒါကြောင့် Line က 1 > L1 . word က ၂ လုံးမြောက်မှာရှိတာကြောင့် 2 > W2
Letter ကလည်း တစ်လုံးပဲရှိတာကြောင့် Letter က 1 > L1. ဒီတော့ I ဆိုတဲ့စာလုံးအတွက် 1-2-1 ဖြစ်သွားမယ်။
ဒီနည်းအတိုင်းပဲ L ဆိုတဲ့စာလုံးအတွက် 10 ကြောင်းမြောက်က myself ဆိုတဲ့ထဲက L ကိုယူမယ်။
line က 10 ဆိုတော့ 10 ၊ ၅ လုံးမြောက်မှာရှိတာကြောင့် word က 5 ၊ letter က l ဆိုတော့ ၅ လုံးမြောက်မှာရှိတာကြောင့်
letter က 1 ။ ဒါဆိုရင် Encrypt လုပ်နည်းနားလည်ပြီလို့ယူဆပါတယ်။ practice အနေနဲ့ အောက်က cipher text လေးကို ပြန်ပြီး decrypt လုပ်ကြည့်စေချင်ပါတယ်။

Cipher : 1-2-1  10-5-5  3-2-1  11-6-1  5-8-3  6-2-2  13-4-3  11-6-1  1-1-3

Refrence : Crypto Corner , Google ,Wiki , Cryptic Codes

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s