The Art Of Crypto [Day 12]

ဒီနေ့မှာတော့ Polyalphabetic Substitution Cipher ဖြစ်တဲ့ Autokey Cipher အကြောင်းပဲဖြစ်ပါတယ်။ Polyalphabetic Sustitution Cipher တွေထဲမှာ ပြီးခဲ့တဲ့နေ့ကလေ့လာခဲ့တဲ့ Vigenere Ciphers က ပထမဆုံး Cipher တစ်ခုဖြစ်ပါတယ်။ ဆိုလိုတာတော့
တခြား Polyalphabetic တွေထဲမှာလည်း Vigenere နဲ့ဆက်စပ်နေတယ်ဆိုတာပါပဲ။ ဒီလိုဆက်စပ်နေတဲ့ထဲမှာမှာ autokey cipher ဟာ vigenere နဲ့ အနီးစပ်ဆုံးတူတယ်ဆိုတာပါပဲ။

Autokey Cipher ကိုစတင်ပြီးလေ့လာလိုက်ရအောင် ။
ဒီ Ciphers ကို Girolamo Cardano က စတင်ပြီးတော့ ဖော်ပြခဲ့တယ်လို့သိရပါတယ်။ သို့ပေမယ့် သူဖော်ပြတုန်းက autokey က ဘာ keyword မှမပါဘူးလို့ဆိုပါတယ်။
plain text ကပဲ သူရဲ့ keyword အနေနဲ့ အသုံးပြုရတယ်လို့ဆိုပါတယ်။ လူကြိုက်များခဲ့ရတဲ့ autokey cipher version ကိုတော့ Blaise de Vigenere က 1586 ခုနစ်မှာ ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။
သူ့မှာတော့ keyword သက်သက်တစ်ခုဖန်တီးတဲ့ပုံစံမျိုးနဲ့ဖြစ်သွားပါပြီ။
autokey ကို encryption လုပ်တဲ့နေရာမှာ Vigenere Ciphers နဲ့တော်တော်လေးဆင်တူပါတယ်။ ကွာသွားတဲ့နေရာကတော့ keyword ဖန်တီးတဲ့နေရမှာပါ။
Vigenere တုန်းကလိုပဲ Tabula Recta ကိုအသုံးပြုပြီးတော့ encrypt လုပ်ရမှာဖြစ်ပါတယ်။

ဒါဆိုအဓိကကျတဲ့ keyword ဖန်တီးပုံလေးကိုလေ့လာကြည့်ရတော့မှာပေါ့။ “meet me at the corner” ဆိုတဲ့ plain text ကို keystream “king” ဆိုတာနဲ့ encrypt လုပ်မယ်ဆိုပါစို့။
grid ထဲမှာ plain text ကိုဖြည့်မယ်။ keystream နေရမှာကျတော့ keystream ဖြစ်တဲ့ king ကို ပထမဆုံးအကွက်တွေမှာ ဖြည့်မယ်။ လိုနေတဲ့အကွက်တွေကိုတော့ plain text ရဲ့ အစကနေရသလောက်ဖြည့်ရမှာဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ပုံလေးလိုဖြစ်သွားမယ်။

a1
ဒါဆိုရင် Vigenere နဲ့ မတူပါဘူးဆိုတဲ့ keystream နဲ့ plain text ဖန်တီးပုံလေးကိုသိသွားပြီဖြစ်တာကြောင့်
tabula recta ကိုအသုံးပြုပြီးတော့ encrypt လုပ်ယုံပဲကျန်ပါတော့တယ်။ tabula recta မှာ encrypt လုပ်တာဟာလည်း Vigenere နဲ့တူတူပဲမို့
keyword က Column ကိုကိုယ်စားပြုပြီးတော့ Plain Text ကတော့ Row ကိုကိုယ်စားပြုပါတယ်။ အောက်မှာပြထားတဲ့ပုံလေးကိုကြည့်ရင် သိပါမယ်။

a2.jpg

ဒီလိုဆို Vigenere Ciphers ကိုရပြီးသားလို့ယူဆတာကြောင့် autokey Ciphers ကိုလည်း ဆက်လက်ပြီး ကိုယ်တိုင် Encrypt Decrypt လုပ်နိုင်သွားလောက်ပြီမို့
သင်ကိုယ်တိုင်ပြန်စမ်းကြည့်စေလိုပါတယ်။

a3
ဒီနေ့ရေးတာတိုကောင်းတိုသွားပါလိမ့်မယ်။ နောက်ရက်မှာ Kasiski Analysis :Breaking the Code ကိုရေးပေးမှာဖြစ်လို့ပါပဲ။
ဒါကျတော့ Cryptanalysis အပိုင်းဖြစ်ပါတယ်။ Vigenere Cipher ကို Decoding လုပ်တဲ့အပိုင်းမို့ နည်းနည်းရှည်တာရယ် ၊ ၂ ခုတွဲရေးရင် ရှုပ်နေမှာစိုးတာကြောင့် တစ်ခုတည်းသက်သက်ရေးဖို့ဆုံးဖြတ်လိုက်တာပါ။

Thanks For Reading

Refrence : Crypto Corner , Cryptic Codes , Wiki , Google

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s